မန်ဘာလေးဝင်းပေးချင်းဖြစ်ကူညီပေးပါ

Showing posts with label ဖုန်းအကြောင်းများ. Show all posts
Showing posts with label ဖုန်းအကြောင်းများ. Show all posts

Tuesday, October 13, 2015

Android ဟူသည်အဘယ်နည်း နှင့် Android သမိုင်းကြောင်း





Android သမိုင်းကြောင်း

Android ကို Google က ပိုင်ဆိုင်ပါတယ် google ဆိုတာကတော့ အင်တာနက် သုံးသူတိုင်း

မသိသူမရှိလောက်ပါဘူး။ Google က 17.8.2005 ခုနှစ်မှာ Android Inc ကိုဝယ်ယူခဲ့ပါတယ်။ သူထုတ်ချင်တာ က မိုဘိုင်း device တွေပေါ်မှာသုံးဖို့ OS တစ်ခု ထုတ်ချင်တာဖြစ်တဲ့ အတွက် Android ကို စအကောင်အထည်ဖော်ခဲ့တဲက Android Inc ကိုဝယ်ခဲ့တာပါ။

ဒါပေမယ့် အချိန်အတန်ကြာ ငြိမ်နေခဲ့ပါတယ် သူစီးပွားရေးဈေးကွက်ကို ဘယ်လိုဝင်ရမလဲ စဉ်းစားနေတာနေမှာပေါ့ ဒါပေမယ့် 2007 ခုနှစ် ဇန်န၀ါရီလ ၉ ရက်နေ့မှာပဲ iOS နဲ့မောင်းနှင်တဲ့ iPhone ကို စတင်မိတ်ဆက်ပေးခဲ့ပြီး အောင်မြင်မှုများစွာ

ရရှိခဲ့ပါတယ် အဲဒီအချိန်က စပြီး Google ကလည်း Android ကိုအကောင်အထည်ဖော် ဖို့အတွက် 2007 ခုနှစ်မှာ Open Handset Alliance (OHA) ဆိုတဲ့ အဖွဲ့ကို ထူထောင်လိုက်ပြီး ၂၀၀၈ မှာ Android ကိုစတင်ပွဲထုတ်ခဲ့ပါတယ်။

အခုလူတော်တော်များများကပြောကြပါတယ် Android က iOS ကို ပြိုင်ဆိုင် ဖို့ထွက်လာတာပါ ဆိုတာပါ။ ဒီဟာက အပြည့် အစုံတော့ မမှန်ပါဘူး။ ဘာကြောင့်လဲဆိုတော့ Google က iOS စထုတ်ပြီးတော့မှ Android စဖြစ်လာတာမဟုတ်ပါဘူး လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက Android ကိုဝယ်ယူခဲ့တာပါ။ သို့သော် iOS ထုတ်လိုက်တော့ သူလည်းထုတ်သင့်တဲ့အချိန်ရောက်ပြီ ဆိုတော့ထုတ်လို က် တာလည်းဖြစ်နိုင်ပါတယ်။ Android ရဲ့ Logo လေးကတော့ လူတော်တော်များများမြင်ဖူးနေတဲ့ စက်ရုပ်ပုံအစိမ်းလေးပဲဖြစ်ပါတယ်။

Tuesday, September 15, 2015

Apple ID ကို မိမိiPhone/iPad ဖြင့်အလွယ်တကူဖွင့်နည်း

ကျွန်တော်တို့iOS userတွေအနေနဲ့ idevice တစ်ခုခုကိုပိုင်ဆိုင်လာပြီဆိုရင် Apple ID ဆိုတာလဲမရှိမဖြစ်ပါ။ ဒါကလဲမခက်ပါဘူး။မိမိရဲ့Device ပေါ်နေပဲအလွယ်တကူဖွင့်နည်းကိုကျွန်တော်ပြောပြပါ့မယ်။ အခါသင့်ရင်လဲ iTunes နဲ့ဖွင့်နည်းကိုကျွန်တော်တင်ပြသွားပေးပါဦးမယ်။
***Apple ID ကိုမဖွင့်သေးခင် Setting >> iTunes & App Store >> Apple ID သို့ဝင်ရောက်ပြီး Sign out အရင်လုပ်ပေးထားပါ..ဒါမှApp Store ထဲဝင်ပြီးဖွင့်တဲ့အခါမှာ Box တစ်ခုကျလာမှာဖြစ်ပါတယ်...***

၁.ပထမဦးစွာ App Store ကိုဝင်ပါ။ကိုယ်ကြိုက်တဲ့Free App တစ်ခုကိုဒေါင်းလိုက်ပါ။
၂.ဒီအခါကျရင်Boxတစ်ခုကျလာပါလိမ့်မယ်။


၃.Create new Apple ID ကိုရွေးပါ
၎. ပြီိးရင် Storeကို ကိုယ်ကြိုက်တဲ့ country ထားပါ (ကျွန်တော်ကတော့လောလောဆယ် US storeနဲ့ရှင်းပြသွားပေးပါမယ်)
၅.ပြီးလျှင်Nextကိုနှိပ်ပါ။ထပ်ပြီး Agree ကိုနှိပ်ပါ

Huawei Ascend P6 Factory Reset ချနည်း




Huawei Ascend P6 ကို  PIN Lock ကျနေလို့ပဲဖြစ်ဖြစ် Pattern Screen Lock ကျနေလို့ပဲဖြစ်ဖြစ် Factory Reset ချချင်လို့ပဲဖြစ်ဖြစ် အောက်ပါအတိုင်း အလွယ်တကူ Reset ချနိုင်ပါတယ်။

WARNING! 

(Factory Reset ချမှာဖြစ်တဲ့အတွက် အထဲက DATA! တွေ အားလုံး ပျက်သွားမှာဖြစ်ပါတယ်)

1. Switch of the phone.

(ဖုန်းကို ပါဝါပိတ်လိုက်ပါ)


2. Press and hold: Volume Up, Volume Down and Power buttons
together.

(Vol Up + Vol Down + Power ကို တပြိုင်ထဲ တွဲနှိပ်ပါ)


3. When you see the Ascend logo release only the Power button.

(Ascend ဆိုတဲ့ LOGO လေးတတ်လာရင် Power ခလုတ်ကို လွှတ်လိုက်ပါ)


4. This is Android System Recovery menu. Use Volume Up/Down buttons for navigation and the Power button for OK and select one after the other:
• wipe data/factory reset
• Yes -- erase all data
• reboot system now

(Recovery Mode ကို ရောက်ရင် Vol UP နှင့် Vol Down ကီးတွေကို အသုံးပြုပြီး Select မှတ်ကာ Reset ချနိုင်ပါပြီ)



အဆင်ပြေပါစေလို့

ဆန္ဒပြုရင်း

Android မိုဘိုင်းဖုန်းတွေမှာ Mobile Data နှင့် Wifi အလိုလျှေက်ပွင့်လာတာကိုဖြေရှင်းနည်း

Android ဖုန်းတွေမှာ တစ်ခါတစ်ရံ ဖုန်း၏ System ကြောင့် Mobile Data နှင့် Wifi ဟာ ဖုန်းအသုံးပြုသူတွေမဖွင့်ဘဲ အော်တိုပွင့်ပွင့်လာတာတွေ ကြုံတွေကောင်းကြုံတွေကြလိမ့်မယ်လို့ ထင်ပါတယ်။
အဲ့လိုဖြစ်လာတဲ့ခါမှာ Android ဖုန်း၏ Setting ထဲမှ Application Manager ၏ All နေရာတွင် "com.nb.superuser " ကိုရှာပြီး Clear Data အားနှိပ်ပေးပြီး "com.nb.superuser " ကိုဘဲ "Disable" တစ်ချက်နှိပ်ပေးပါ။
အော်တို့မပွင်ဘူးဆိုရင်တော့"com.nb.superuser " ကိုတွေ့ ရလိမ့်မည်မဟုတ်ပါ။
Wifi နှင့် Mobile Data ဟာ အော်တို ပွင့်ပွင့်လာမှသာ Setting>App>All နေရာမှာ "com.nb.superuser "ကိုတွေ့ ရမှာဖြစ်ပါတယ်။
အထက်ပါ (၂) ချက်ကိုလုပ်ဆောင်ခြင်းဖြင့် Wifi နှင့် Mobile Data အော်တို On လာကိုဖြေရှင်နိုင်ပါလိမ့်မည်။

ဖုန်း ကို တစ်ချိန်လုံး ပလပ် ထိုးထားတာ ဘက်ထရီ ပျက်စီးစေတတ် ပါသလား ?



ဖုန်း ကို တစ်ချိန်လုံး ပလပ် ထိုးထားတာ ဘက်ထရီ ပျက်စီးစေတတ် ပါသလား ?
=================================
ဖုန်းကို မည်မျှ ကြာကြာ အားသွင်းသင့် သလဲ ? ဟူသော မေးခွန်း သည် မိုဘိုင်းဖုန်း များ စပေါ် ကတည်းက လူသားတွေ မေးလာ ကြသော မေးခွန်း ဖြစ်သည်။ ယခု ထိလည်း မေးနေကြဆဲ၊ ရှုပ်ထွေးနေ ကြဆဲ လည်း ဖြစ် သည်။

လူများစုကြီး ကား မနက် ဖုန်းဘက်ထရီ အပြည့် နဲ့ အပြင် ထွက်သွားပြီး ညအိမ်ပြန် ရောက်ရင် အားကုန် နေ သည့် ဖုန်း ကလေးတွေ ပြန်ပါလာ တတ်သည်။ ညအိပ်ရာ ၀င်တော့ ဖုန်း ကို ပလပ်ထိုး အားသွင်းပြီး အိပ် လိုက် တော့သည်။ မနက်နိုး လာလျှင် လူလည်း အားပြည့်၊ ဖုန်းလည်း အားပြည့်နေ လိမ့်မည်။

Tuesday, August 4, 2015

သီချင်း ဗီဒီယိုတွေကို ပုံစံ ၁၀မျိုးနဲ့ နားဆင်နိုင်တဲ့-n7player Music Player v2.4.11 Apk


Android ဖုန်းကိုင်းဆောင်း သူများအတွက် n7player Music Player သုံးထားပြီး updateလေးကို လိုချင်း နေတဲ့သူအတွက် n7player Music Player ဆိုတဲ့ update Version သစ်လေးကိုတင်ပေးလိုက်ပါတယ်။ ဒီ Player လေးကတော့ ပုံစံ 10 မျိုးထိပြုလုပ်နိုင်ပါတယ်။ အေဒါတွေက  DVD, CD,ခွေတစ်ခုလို,  အသံ အနိမ့်ဆုံး ,အမြင့်ဆုံး,ဖိုင်တွဲအလို, 3d sounds effects, အစရှိသည်ဖြင့် အမျိုးမျိုး ပုံစံနှင့် player အဖြစ်အ သုံးပြုနိုင်ပါတယ်။

Thursday, July 23, 2015

Viber group တွေကို ဘလော့လုပ်မယ်


                                     
viber က အာရုံနောက်စေတဲ့ group တွေကို ဘလော့ပေးမဲ့ apkလေးပါ ဒါလေးစောင်ထား လာသမျှ နံပါတ် တန်းဘလော့လိုက်နားအေးတယ်အသုံးလိုသူများအောက်မှာယူပါ
https://www.dropbox.com/s/xtkh593nwvapk6b/Viber%20Silent.apk

Monday, July 20, 2015

ကဲ root လုပ်ဖို့ PC မလိုဘူးဆိုတဲ့ apk လေးဗျာ . . .

https://encrypted-tbn2.gstatic.com/images?q=tbn:ANd9GcTUJmIyZNAKVAIau8Osq7Y0U9mgVlowNpcPHAQQ784sefTht5-9Rw

ကိုယ်ပိုင်ကွန်ပြူတာ  မရှိတဲ့သူတွေ ဘာမှမပူကြတော့နဲ့ ဒီမှာလာ ပြီ PC မလို ROOT နည်းဗျာ ကိုယ့်ဖုန်းလေးပေါ်ကနေ ROOT နိုင်ပါပြီ စမ်းသပ်အောင်မြင်ထားတဲ့ဖုန်းတွေလည်းအများ

ကြီးဘဲ(ကို်ယ်တော့ စမ်းသတ်ထားတာ  မဟုတ်ဘူး သူများစမ်းသပ်ပြီးသားကိုပြောတာ   အဟီးးးး ပြောနေကြာတယ် အောက်မှာယူကြပေတော့  
လုပ်နည်းကတော့  ထုံးစံအတိုင်း Unknown source အမှန်ခြစ်မယ်
USB Debuggingအမှန်ခြစ်မယ် ပီးရင် root ကိုနှိပ်ပေး လိုက်ရုံဘဲrestart ကျပြီးရင် superuser ရုပ်လေး နဲ့လန်းလို့ရသွားပြီပေါ့ သူ့ရဲ့ စွမ်းဆောင်နိုင်စွမ်း က android 2.3 ကနေ 4.1 အထိ ရတယ်ဆိုပဲ
ကဲ အချိန်ကုန် ငွေကုန်သက်သာပြီး  root ပိုင်ရှင်ဖုန်းများ ဖြစ်ကြပါစေ.........
http://www.solidfiles.com/d/9b0caee28a/

ဒါကတော့ အဆင်ပြေပြေ root နိုင်တဲ့ဖုန်းစာရင်းပါ
                
 Compatibility for Qualcomm devices :
Asus Padfone 1/2
AsusPadfone Infinity BW T18+ (Fortis Evo)
Cloudfone Thrill 430x DNSS4504/S4503/S4502
Gigabyte GSmart G1315 Skate
Gigabyte GSmart Rio R1
GoogleNexus 4 Highscreen Spark/Blast/Strike/Boost
Huawei Honor Pro (U8950-1)
HuaweiU8815/U8816 Ascend G300/G301
Huawei U8825D Ascend G330D
Karbonn Titanium S5
LGL7 II P710/P714/P715
LG Optimus G E970
LG Optimus L3 II E425
LG Optimus L5E610/612/615
LG Optimus L7 P700/Р705 Orange Nivo
Samsung Galaxy Win I8552
SharpAquos Phone SH930W
Sony Xperia L C210X teXet TM-3204R
Xperia E C1505/Dual C1605
ZTE V880G/ZTE V955
                                                  Compatibility for Samsung devices :
Samsung Galaxy ProclaimS720C
Samsung Galaxy Young GT-S6312/GT-S6310
Samsung Lightray SCH-R940
 Compatibility for Exynos devices :
AT&T Galaxy Note 2SGH-I317
Highscreen Explosion Impression 9702 (Exynos 4412)
Lenovo K860 NewmanN2
Samsung Galaxy Camera EK-GC100
Samsung Galaxy Note 10.1 GT-N8000, GT-N8010,GT-N8013, GT-N8020
Samsung Galaxy Note 2 GT-N7100
Samsung Galaxy Note 2 LTEGT-N7105
Samsung Galaxy Note 8.0
Samsung Galaxy Note GT-N7000
Samsung Galaxy SGT-i9000
Samsung Galaxy S2 AT&T SGH-I777
Samsung Galaxy S2 Epic 4G Touch -SPH-D710
Samsung Galaxy S2 GT-I9100
Samsung Galaxy S3 GT-I9300
Samsung GalaxyS3 LTE GT-I9305
Samsung Galaxy Tab Plus GT-P6200/GT-P6210
Samsung Galaxy Tab7.7 GT-P6800/GT-P6810
Samsung SGH-i997 Infuse 4G T-Mobile
Galaxy Note 2 T-889Verizon
Galaxy Note 2 SCH-I605 iBerry
Auxus CoreX2 3G and CoreX4 3G
   မူရင်  Credit

Friday, July 17, 2015

Ooredoo ​ခေါ်ဆိုမရ​​အောင်ပိတ်မယ်

မ​နေ့ကကျွန်​​တော်​စီကိုစာပို့လာတယ်​ဗျာ
ဆရာတဲ့ကျွန်​​တော်​စီကို ooredoo
ဖုန်း​ခေါ်မရ​အောင်​ပြုလုပ်​ချင်​ပါတယ်
ဆိုပြီညီတစ်​​ယောက်​က​မေးလာတယ်​ဗျာ
ကျွန်​​တော်​ကလဲအလုပ်​တဖက်​နဲဆို​တော့
ပြန်​မ​ဖြေနှိုင်​ခဲ့ပါဘူး
ကဲခု​တော့အားလုံးကိုရှင်းပြမယ်​ဗျာ
ooredoo ဖုန်းနာပတ်​​တွေမ၀င်​ရ​အောင်​ပြုလုပ်​မယ်
Samsung. ဖုန်းအသုံးပြုသူများ
Callfilter Application Software
တွေဘာမှသုံး​နေစရာကိုမလိုပါဘူး
Samsung များ Setting ထဲမှာ
Callfilter လိုအသုံးပြုရမှာပါ
ကျန်​တဲ့ဟန်းဆက်​​တော့သိပ်​မသိဘူးခင်​ဗျ
ooredoo ရဲ့ဖုန်းနာပတ်​တိုင်းဟာ
0997 နဲ့ပဲစတတ်​ပါတယ်
Ooredoo များကိုကိုယ့်​စီ​ခေါ်မရ​အောင်
ပြုလုပ်​မယ်​ဗျာ
Button ကီးကိုနှိပ်​ပါ
Settings.  ကိုနှိပ်​ပါ
Device ကို​ရောက်​သွားပါမယ်
Call ကိုစက်​နှိပ်​ပါ
Call rejectipon
Auto reject list
Create. +  ကိုနှိပ်​ပါ
Number ​ပေါ်လာပါလိပ်​မယ်
Ooredoo နာပတ်​အစ 0997 ထည့်​ပါ
Match criteria ရဲ့​ဘေးက > ကိုနှိပ်​ပါ
Starts with ကိုအစက်​ချ​ပေးပါ
ပြီးရင်​ save လိုက်​ပါဗျာ
0997 ရဲ့ No name starts with ​ဂေါက်​ခြစ်​သွားရင်
Ok ပြီ​ပေါ့ဗျာ ooredoo ဖုန်းနာပတ်
မိမိဖုန်းကိုဝင်​မလာ​တော့ပါဘူး
ကျွန်​​တော်​ညီကိုများအားလုံးအဆင်​​ပြေပါ​စေဗျာ


မူရင်ပိုင်းရှင် ခွက်ဒယ်

Frozen (Modifined) (Eng/ZawGyi/MM Unicode)

မင်္ဂလာပါခင်ဗျာ...

အကို ထူးဇော်ဖြိုး လက်စွမ်းပြရေးသားထားတဲ့
keyboard လေးအသစ်လေးပါ..
ဒီkeyboardလေးကတော့ Eng / ZawGyi / MM Unicode
(၃)မျိုးပေါင်းစပ် ပီး keyboard တစ်ခုထဲမှာ
ရိုက်နိုင်အောင် အပင်ပန်းခံပီး ရေးသားထားတာပါ..
သုံးရသူတို့လည်း အကြိုက်တွေ့မယ် ထင်ပါတယ်.
အပေါ်က လိုင်းတစ်လိုင်း တိုးလာပီးတော့
key အရွယ်အစားသေးသွားပါတယ်..









Credit >>Htoo Zaw Phyo
အောက်ကလင့်မှာ ဒေါင်းလုပ်ရယူနိုင်ပါတယ်.

        ဒီမှာဒေါင်းယူပါ

Wednesday, July 15, 2015

အများပြောပြောနေတဲ့ 3G NETWORK နဲ့ 4G NETWORK ဘာကွာသလဲ



3 G က 3rd generation ကို အစွဲပြုပြီး 3G လို ခေါ်တာ ဖြစ်သလို 4G ကလည်း 4rd generation ကို အစွဲ ပြုပြီး ခေါ်ဆိုတာ ဖြစ်ပါတယ်။ နောက်တခုက သူတို့ နှစ်ခုလုံးက mobile internet တွေ အတွက် တီထွင်လာခဲ့တာပါ။ ဒီနေရာမှာတော့ 4G က 3G ထက် သာသွားတဲ့ အချက်က 4 G မှာ 3G မှာ ရှိတဲ့ Feature တွေကိုရော နောက်ထပ် ပေါင်းထည့် Feature တွေရော ပါဝင်လာတာပါပဲ့ ။ 3G ကို ထပ်ပြီး Develop လုပ်ထားတယ်လို့ ဆိုလို့ ရပါတယ်။ ဒုတိယ အချက်…
ဒီအချက်အနေနဲ့ကတော့ technologies ပါပဲ့။3 G မှာ သုံးထားတဲ့ technologies က widespread ကို အသုံးပြုပေ့မယ် 4G ပေါ်လာချိန်မှာတော့ သူရဲ့ compliant technologies ကို သုံးထားပါတယ်။ သူတို့နှစ်ခုကတော့ မြင်းပြိုင်လိုပါပဲ့။ the horizon technologies လို ဆိုပါတယ်။
တတိယ အချက်..
အင်တာနက် connection speed ပါပဲ့။ သူ့မှာတော့ 3G က download speed က 14Mbs သာ ရှိပြီး Upload Speed ကတော့ 5.8 Mbs ပဲ့ ရှိပါတယ်။ ဒီနေရာမှာတော့ 4G ကတော်တော်လေး သာသွားပါပြီ.။ 4G က တော့ ပြောမနေနဲ့တော့ Internet speed ကို 100Mb အသုံးချခွင့်ရမှာ ဖြစ်ပါတယ်။
စတုတ္တအချက်..
နောက်ဆုံးအချက်အနေနဲ့ကတော့ သုံးထားတဲ့ Package ပါပဲ့ .။ အင်တာနက်အတွက် 3G က a mix of circuit and packet switching network ကို အသုံးပြုနေချိန်မှာ 4G ကတော့ a packet switching network တခုတည်းကိုပဲ့ အသုံးပြုထားပါတယ်။
ဖြည်စွက်ချက်…
3GS ဆိုတာ ရှိပါသေးတယ်။ S ဆိုတာကတော့ Speed ကို ဆိုလိုတာပါ။ 3G ရဲ့ Feature တွေနဲ့ အတူတူပါပဲ့။ 3G မှာ youtube ကို Upload တင်လို့မရတာတွေနဲ့ error အနည်းငယ်ကို 3 GS မှာ ပြင်ဆင်ပေးထားပါတယ်။နောက်ဆုံးတခုကတော့ battery life က 3g ထက် 3 GS က ပိုကောင်းပါတယ်
3G နဲ့ 4G ကြားမှာ ကွားခြားချက်ကြီးကြီးမားမားပြပါဆိုရင်တော့ technologies ,data transfer rate နှင့် speed ပါပဲ့။ပုံတွေကိုပါ ကြားညှပ်တခု အနေနဲ့ ထည့်ထည့်ပေးပြီး ကွာခြားချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။ ဒီလောက်ဆိုရင် လူတိုင်း အကြမ်းဖျင်း နားလည်နိုင်ကြမယ် ဗဟုသုတရနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။နောက်ထပ် ပိုပြီး သိနိုင်အောင်လို့ ကျွန်တော် အောက်မှာ အကြမ်းဖျင်းထပ်ဖြည့်ပေးလိုက်တဲ့အပြင် Video လေးနဲ့ ရှင်းပြထားတာကိုပါ ထည့်ပေးလိုက်ပါတယ်။
Generation – Definition – Technologies – Speeds
1G – Original analog cellular for voice (AMPS, NMT, TACS) 14.4 kbps
2G – Digital narrowband circuit data (TDMA, CDMA) 9-14.4 kbps
2.5G – Packet data onto a 2G network (GPRS, EDGE) 20-40 kpbs
3G – Digital broadband packet data (CDMA, EV-DO, UMTS, EDGE) 500-700 kbps
3.5G – Replacement for EDGE is (HSPA) 1-3 mbps
4G – Digital broadband packet data all IP (Wi-Fi, WIMAX, LTE) 3-5 mbps
5G – Gigabit per second in a few years (?) 1+ gbps
အောက်မှာ ရှင်းပြထားတဲ့ ဆရာရဲ့ ရှင်းလင်းချက်တွေကိုတော့နားထောင်ကြည့်ပါ။ နားလည်မယ်လို့ မျှော်လင့်ပါတယ်။
http://link.brightcove.com/services/player/bcpid1243511167?bctid=1628434330
ဒါကတော့ အသံဖိုင်နဲ့ ရှင်ပြထားတဲ့ Mp3 ဖိုင်ပါ။
Ref & Credit: Telenor Myanmar

Sunday, July 12, 2015

(GSM Internet Connection ကနေ ဒုံးပျံလိုမြန်တဲ့

(GSM Internet Connection ကနေ ဒုံးပျံလိုမြန်တဲ့ WCDMA Internet Connection ပြောင်းပေးမယ့် Android ဖုန်း Software)

GSM Internet သုံးတဲ့သူတွေ သိကြသူတွေ့သိကျမှာပါ 
Connection က E  ပြောင်းလိုက်၊ 3G ပြောင်းလိုက် H ပြောင်းသွားလိုက်နဲ့ Connection ကကောင်းကိုမကောင်းပါဘူးအခုထွက်လာတဲ့ Android ဖုန်းတွေမှာကျတော့ GSM Mode ကနေ WCDMA Mode ကိုပြောင်းပေးတဲ့ စနစ်တွေ ထည့်သွင်းပေးလိုက်ပါတယ်
ဒါပေမယ့် Android ဖုန်းတော်တော်များများမှာ တော့မပါရှိပါဘူး ဒီလိုမပါရှိတဲ့ Android ဖုန်းများမှာအတွက် Android Software လေးတစ်ခုတင်ပေးလိုက်ပါတယ်အသုံးပြုနည်းကတော့ Software ကိုဖုန်းထဲမှာ Install လုပ်ပြီးတာနဲ့ Software ကိုဖွင့်လိုက်ပါ
ပြီးနောက် 
ပုံမှာပြထားတဲ့အတိုင်း Set Preferred Network Type မှာ WCDMA Only သို့ပြောင်းပေးလိုက်ပါ ပြီးတာနဲ့ အင်တာနက် ကွန်နက်ရှင်ကိုဖွင့်ကြည့်လိုက်ပါ H ဖြစ်နေတာကိုတွေ့ရသလို အင်တာနက်လိုင်းလဲ ကောင်းလာတာကိုတွေ့ရမှာပါ။
(မှတ်ချက်)
 GSM ဖြစ်တဲ့အတွက်တစ်မိနစ် ၂ ကျပ်နှုန်းနဲ့ဖြတ်တာပါ WCDMA Mode ပြောင်းလိုက်တဲ့အတွက် တစ်မိနစ် ၂ ကျပ်နှုန်းနဲ့ဖြတ်တော့မှာမဟုတ်ပါဘူး တစ်မိနစ် ၄ ကျပ်အဖြစ်ဖြတ်သွားမှာပါ။ လိုချင်တော့အောက်မှာဒေါင်းလုဒ်ယူပါ။

   Credit   အမည်မသိ        

Saturday, July 11, 2015

ဖုန်းများ အားကုန် အောင် သုံးခြင်း ကြောင့် ဖြစ်တက်သော ပြသနာ

ဖုန်းများ အားကုန် အောင် သုံးခြင်း ကြောင့် ဖြစ်တက်သော ပြသနာ အမျိုးမျိုး
နှင့် ဖြေရှင်း ခြင်း

 ဖုန်း တစ်လုံး က အနည်း ဆုံး ၃.၇ ဗို့ ရှိမှ ပါဝါ တက်ပါမယ် ။ ၃.၇ ဗို့ ထက်နည်း ပါ က ဖုန်း ပေါ် မူတည်ပြီး ပြသနာ အမျိုးမျိုး ဖြစ်ပါတယ်

၁။ လိုဂို ရပ်ခြင်း
၂။ လိုဂို ပဲတက်ပြီး ပြန်ကျခြင်း
၃။ အားသွင်းပုံ ပြ သော်လည်း အားမ၀င် ခြင်း
၎။ ကြိုးထိုး ထားမှ ပါဝါ ဖွင့် ရခြင်း
၅။ အားသွင်းပုံ မပြ ပဲ လုံးဝ ပါဝါ ပျောက် ခြင်း

ဓာတ်ခဲ တွေက 3.7 ဗို့ မှ 4.2 ဗို့ ကြား ထဲ ရှိရပါမယ် ။
3.7v ထက် လျော့ ပါ က အထက်ပါ error များကြုံ တွေ့ နိုင်ပါတယ် ။

ဘာကြောင့် 3.7ဗို့ အောက် လျော့ ကျ သလဲ ??

အကြောင်း အမျိုးမျိုး ရှိပါတယ် ။ အဓိက အဖြစ် များတာ က တရုတ် ဓာတ်ခဲ တွေ ကြောင့် ပါ ။ ဓာတ်ခဲ သုံးတာ ကြာ ရင် လဲ ဖြစ်တက်ပါတယ် ။
ဖုန်း ic တစ်လုံးလုံး မကောင်း တော့ ရင် လဲ လိုတာ ထက် ပို ပြီး အန်ပီယာ ဆွဲ တဲ့ အတွက် ဖြစ်ပါတယ် ။

ဘယ်လို ဖြေရှင်း မလဲ ???

ပုံ မှန် ဓာတ်ခဲ ထုတ် လို့ ရတဲ့ ဖုန်း တွေ က တော့ ဓာတ်ခဲ ထုတ်ပြီး ညှပ် ခွက် ( ဖားပါးစပ် ) နဲ့ အားသွင်း ကြည့် ပါ ။ 3.0 မှ 3.6 ဗို့ အတွင်း လက်ကျန် ရှိပါက ပြန်သွင်း လို့ အဆင်ပြေ နိုင်ပါတယ် ။ဒါ ပေမယ့် အားကုန်အောင် သုံး တိုင်း ပြန်ဖြစ်နေပါမယ် ။ 3.0V အောက် ရောက်ပါ က
ဆိုင် မှာ ပဲ ပြုပြင် နိုင်ပါတော့ မယ် ။
အကောင်း ဆုံးကတော့ ဓာတ်ခဲ လဲ လိုက်ပါ ။

  အထူးသဖြင့် ဓာတ်ခဲ အသေ ဖုန်း တွေ မှာ အတက်နိုင် ဆုံးသတိ ထား သုံး ကြပါ ။ ဥပမာ iphone ၊ Tablet စတာ တွေ ဖြစ်ပါတယ် ။

အဲ့ ဓာတ်ခဲ အသေ ဖြစ်တဲ့ အတွက် ကိုယ် တိုင် လုပ် ဖို့ ခက်ခဲ တဲ့ အတွက် ဆိုင် သွား ရပါမယ် ။စက် ဖြုတ် ရတဲ့ အတွက် ၂၀၀၀ ၊ ၃၀၀၀ လောက် တော့ ပေးရမှာ ပါ ။iphone တွေ ကို တော့ Ipad အားသွင်း ခေါင်း နှင့် ကြိုး ကို အသုံး ပြုပြီး ပြန်လည် သွင်း နိုင်ပါတယ် ။

ကဲ သူငယ် ချင်း တို့ လဲ ဖုန်း ကို Battery Low ပေါ် ရင် ဖုန်းပြော ခြင်း ၊ သီချင်း နားထောင် ခြင်း ၊ Game ဆော့ ခြင်း များ မပြု လုပ် ခြင်း ဖြင့် ရှောင်ရှား နိုင်ပါတယ် ။အကောင်း ဆုံး က ဖုန်း 5% ရောက်ပြီ ဆိုရင် ပိတ်ထား လိုက်ပါ ။


သူငယ်ချင်း တဲ့ ရဲ့ သူငယ်ချင်း တွေ သိအောင် ရှယ် ပေး လိုက်ပါ အုံး ....

cd  ဝင်းကမ္ဘာကျော်

Wednesday, July 8, 2015

ဖုန်းကို Reset ချမိလို့ contact ထဲ ပျောက်သွားသောသူငယ်များကို ပြန်လည်ရှာဖွေနိုင်တဲ့-Total Backup v5.1.4

 ဒီနေ့တက် စမတ်ဖုန်းအတွက် အသုံးတည့်
ဆော့ဝဲလေးတစ်ခုကို မိတ်ဆက်ပေးလိုက်ပါတယ်၊
တကယ်လည်း လိုအပ်မယ့်ဆော့ဝဲကောင်းလေးပါ၊
ကြုံဖူးကြမှာပါ ဖုန်းက ဂိမ်းကစားလို့ပဲ ဖြစ်ဖြစ်၊
ကြာလာတော့ လေးလန်လာပြီး ဘာမှလုပ်မရဘူး၊
ဆို စိတ်ပေါက်ပေါက်နဲ့ Reset ချလိုက်တော့...

Android ဆိုတာဘာလဲ

1. Android ဆိုတာဘာလဲ
2. Root ဆိုတာဘာလဲ
1. Samsung ဖုန်း Root ပြူလုပ်ခြင်း
2. Huawei  ဖုန်း Root ပြူလုပ်ခြင်း
3. HTC ဖုန်း Root ပြူလုပ်ခြင်း
4. Sony  ဖုန်း Root ပြူလုပ်ခြင်း
5. LG ဖုန်း Root ပြူလုပ်ခြင်း
3. CWM Recovery ဆိုတာဘာလဲ

Engnering ဆိုင်ရာ အများပြောနေတဲ့ 2D and 3D ဆိုတဲ့ ဆော့ဝဲ-AutoCAD 360 v2.2.1 Apk

AutoCAD 360 v2.2.1 Apk
မင်္ဂလာပါ
ဒီလရဲ့ အစောပိုင်းမှာ တကယ့်အလန်းဇယား Apk တွေချည်း
Update တက်လာတာကိုသတိထားမိတယ်၊
အဲဒီအထဲကမှ အားလုံးနဲ့အသုံးတည့်မယ့် ဆော့ဝဲလေးကို
တင်ပေးလိုက်ပါတယ်။

ဒီဆော့ဝဲလေးကတော့ Engnering ဆိုင်ရာ
 အများပြောနေတဲ့ 2D and 3D ဆိုတဲ့ ဆော့ဝဲ-AutoCAD 360 v2.2.1 Apk
 လေးပဲဖြစ်ပါတယ်။ ကြားဖူးနားဝရှိခါစက ဒီ D2 and 3D ဆိုတာမျိုးက
သေနေတဲ့ ရုပ်သွင်ကို အရှင်အဖြစ်ဖန်တီးယူနိုင်တာဆိုပဲ...

ဟိုတုန်းက PC Device တွေမှာ ဈေးကြီးပေးပြီး
အရူးအမူးလိုက်စားနေကြရတဲ့ ဆော့ဝဲကြီးဟာ
အခုတော့ Apk လေးအဖြစ်နဲ့ သင့်ဖုန်းရဲ့ Device မှာ
စိတ်ကြိုက် ကလစ်နိုင်ပါပြီ။

100% လောက်ထိ အဆင်ပြေမယ် မပြေဖူးဆိုတာကတော့
မိမိဖုန်းအမျိုးအစားရော့ ပြီးတော့ ကိုယ့်ရဲ့ကျွမ်းကျင်မှုပိုင်းဆိုင်ရာ
ပြီးတော့ ဒီလိုဆော့ဝဲနဲ့ ရင်းနှီးမှု အလေ့အထ စတာတွေနဲ့ပဲ
ဆိုင်လိမ့်မယ်လို့ မှတ်ချက်ပြုချင်ပါတယ်ခင်ဗျာ...

df စာအုပ်အလွယ်လုပ်ရမဲ့Pdf .Apk

ဒီကောင်လေးက Pdfစာအုပ်လုပ်တာအရမ်းလွယ်ကူပါတယ်ဗျာ Apk ကိုဖွင့်တာနဲ့ Images to Pdf                          
ကိုနှိပ်လိုက်တာနဲ့ စာအုပ်လုပ်နဲ့ ဓာတ်ပုံတွေရွေးပြီး Pdf စာအုပ်အဖြစ် လုပ်လို့ရပါပြီဗျာ                                                                      တခြားဟာတွေလဲလုပ်ရပါသေးတယ်                                                                              
 အဲ့ဒါတော့ ကွကိုယ်ကလိလို့ပြောချင်ပါတယ်                                                                      
  ခ်ခ် အောက်ကလင့်မှာဒေါင်းယူနိုင်ပါတယ်ဗျာ
                ဒီမှာဒေါင်းပါ

ဖုန်းအကြောင်း9မျီုး

1. မိမိတို့ ဖုန်းမှာ USB Debugging ကိုအမြဲ ဖွင့်ထားပါ။ Gingerbread(2.3.X) နဲ့ အောက်ပိုင်း version တွေဆိုရင် Setting>application>development ထဲမှာ usb debugging ကို check box - On ထားပြီး ဖွင့်ထားရပါတယ်။ ICS(4.0.x) နဲ့ Jelly Bean(4.1.x) တွေဆိုရင် Setting>Developer options ထဲမှာ usb debugging ကို check box-On ပြီ ဖွင့်ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မတော်တဆ ကျွန်တော်တို့ရဲ့ android ဟာ အကြောင်းအမျိုးမျိုးကြောင့် firmware ကျသွားမယ်…ဒါမှမဟုတ် pattern/pin/password lock တစ်ခုခုကျသွားမယ်ဆိုရင်ပြသနာပြန်လည်ဖြေရှင်းတဲ့အခါ ဆိုင်မှာပဲ သွားလုပ်လုပ်၊ ကိုယ့်ဟာကိုယ်ပဲ လုပ်လုပ် အဲဒီ usb debugging ကိုဖွင့်ထားတဲ့ အတွက် ကွန်ပျူတာမှာ detect သိနိုင်ဖို့အကြောင်းတစ်ခုဖြစ်လို့ လွယ်လွယ်ကူကူ ပြသနာကိုဖြေရှင်းနိုင်မှာပါ။

***stay your usb debugging always ON cause you can get detection your android with computer easily when you lost your firmware or security lock.

2. မိမိဖုန်း ဘက်ထရီ ကို အမြဲတမ်း charging power 30% ထက်မနည်းထားပေးပါ။ ဖုန်းကို charging အကုန်သုံးတတ်တာကို ရှောင်ပေးပါ။ charging loss ကြိမ်ဖန်များစွာဖြစ်ရင် android firmware ကိုထိစေတတ်ပါတယ်။

***always make sure not to be under 30% of batter charging .

3. မလိုအပ်တဲ့ launcher တွေသုံးခြင်းမှ ရှောင်ပါ။ တချို့တချို့ launcher တွေသုံးခြင်းဖြင့် ဖုန်းမှာ ပါတဲ့ မူရင်း launcher နဲ့ conflict ဖြစ်ပြီး error တွေတက်တတ်ပါတယ်။ တတ်နိုင်သမျှ android မှာပါတဲ့ default launcher ကို သုံးခြင်းက ပိုမိုကောင်းမွန်ပါတယ်။

***you should use your android default launcher.Sometimes, another launcher give u any conflict.

4. Root လုပ်ထားတဲ့ android တွေ user တွေအတွက် cpu နဲ့ memory ကို over clock လုပ်တဲ့ software များကို သုံးခြင်းမှ ရှောင်ကြပါ။ မိမိရဲ့ android လေးအသက်ရှည်ဖို့ cpu နဲ့ memory ကို လိုအပ်တာထက်ပိုမခိုင်းပါနဲ့ ။ ကြာရင် android ဟာ လေးလံလာတတ်ပါတယ်။

LinkWithin

Related Posts Plugin for WordPress, Blogger...